Thursday, December 4, 2014

Mobile Phone တွေထဲမှာ Network ပိုင်းရဲ့ အဓိကကျတဲ့ RFပိုင်း နဲ့Basebandပိုင်း


ကျွန်တော်တို့ Mobile Phone တွေထဲမှာ Network ပိုင်းရဲ့ အဓိကကျတဲ့ RFပိုင်း နဲ့Basebandပိုင်းကို 
မျှဝေပါရစေ။ 
(၁)RF 
RF ဆိုတာ Radio Frequency ရဲ့ အတိုခေါက်ပါ။ ၎င်းကို ဖုန်းတွင်သာမကပဲ ကြိုးမဲ့နည်းပညာသုံးတဲ့ ပစ္စည်းတိုင်းလိုလိုမှာ သုံးကြပါတယ် ။ ဥပမာ-တီဗီ၊ရေဒီယို၊GPS စသဖြင့်ပေါ့ဗျာ
RF wave နည်းပညာ ဘယ်လောက်ကောင်းသလည်းဆိုရင် ကျွန်တော်တို့ နေထိုင်တဲ့ကမ္ဘာပေါ်ရဲ့ နေရာအနှံကို ဖြန့် ကြတ်နိုင်တယ် ။ ခုတောင် ကျွန်တော်တို့ အားလုံးရဲ့ ဘေးပတ်ပတ်လည်မှာရှိနေတယ်။ RF wave ဆိုတာ လျှပ်စစ်သံလိုက်လိုင်းများဖြစ်ကြပါတယ် သူရဲ့လျှင်မြန်မူနူန်းကတော့ ၁စက္ကန့်ကို မိုင်ပေါင်း ၁၈၆၀၀၀ လောက်ပြေးတယ် အရင်တုန်းက စာမှာသင်ဘူးတာတော့ ၁စက္ကန့် ကိုကမ္ဘာကို ၁၀ပတ်လောက်ပတ်နိုင်တဲ့ အလျှင်ရှိတယ်တဲ့ ။ဘာလို့ ဖုန်းတွေမှာ RF ပိုင်းကို သုံးကြသလည်းဆို ကျွန်တော်ဖုန်းဆက် လိုက်တယ် နောက်ဖုန်းတစ်လုံးကို 'ဟယ်လို ' လို့ ပြောလိုက်တာနဲ့ ဟိုဘက်မှာချက်ချင်းကြားတယ် အဲ့လိုပဲသူကပြန်ပြောမယ် 'ဘယ်သူတုန်း ' ဆိုပြီး အဲ့ဒါလည်းကျွန်တော်ချက်ချင်းကြားတယ် ဘာလို့အရမ်းဝေးတဲ့နိုင်ငံနဲ့ ပြောလည်းချက်ချင်ကြားရတာပဲ ဘာလို့ လည်းဆိုတော့ ကျွန်တော်တို့ ရဲ့ အသံကို RF ဆိုတဲ့ Radio Frequency ပေါ်သို့  အတူပူးတွဲ တင်ပြီးပို့ လွှတ်လိုက်တဲ့အတွက် တဖက်မှာချက်ချင်းကြားနိုင်တာပါ။
ဒါတောင် ကြားထဲမှာ တာဝါတိုင်တွေကို ဖြတ်သန်းပြီးမှတစ်ဖက်လူကြားတာပါ။RF ပိုင်း ကိုသာမသုံးရင်တော့ ကျွန်တော်ရဲ့  ပြောလိုက်တဲ့ 'ဟယ်လို' ကို တစ်ဖက်ကြားရဖို့  စောင့်ဆိုင်းရနိုင်ပါတယ်ဗျာ ။ ဒါတောင် ကြားထဲမှာ တာဝါတိုင်တွေကို ဖြတ်သန်းပြီးမှတစ်ဖက်လူကြားတာပါ။
Baseband အကြောင်းကိုတော့ နောက်ရက်မှ ထက်တင်ပေးလိုက်ပါမယ်။
Credit; ဟယ်လိုသားကြီး

No comments:

Post a Comment