Wednesday, November 12, 2014

ပြည်တွင်း၌ Cloud Technology ကိုအသုံးပြုနိုင်ရန် စီစဉ်


အဆင့်မြင့် နည်းပညာတစ်ခုဖြစ်သည့် Cloud Technology ကို ပြည်တွင်း၌အသုံး ပြုနိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
Cloud Technology သည် လုပ်ငန်းဆိုင်ရာနည်းပညာ အရင်း အမြစ်များက အင်တာနက်ကွန်ရက် မှတစ်ဆင့် အလွယ်တကူထုတ်ယူ အသုံးပြုနိုင်ခြင်းနှင့် ယင်းကွန်ရက် အလုပ်ပြီးမြောက်စေခြင်းတို့ကို ပြု လုပ်နိုင်သည့် နည်းပညာဖြစ်ကြောင်း သိရသည်။
ယင်းသို့အသုံးပြုနိုင်ရန်အတွက် Amazon Web Service မှ သတင်း အချက်အလက်နှင့် နည်းပညာလုပ် ငန်းပိုင်း ကူညီထောက်ပံ့မှုများဖြင့် ပြည်တွင်းရှိ Ideabox နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Ideabox မှ ကိုကောင်းစစ်က ''ကမ္ဘာမှာ လက်ရှိအသုံးပြုနေတဲ့ Cloud infrastructure ကို ထိတွေ့ ခွင့်ရပြီး အကြံဥာဏ်သစ်တွေရလာ တော့မှာပါ။ Application တွေကို ထုတ်လုပ်တာတွေ၊ နည်းပညာနယ် ပယ်ဖွံ့ဖြိုးလာဖို့ အတွက် ပိုပြီးတွင် တွင်ကျယ်ကျယ်ဖြစ်လာနိုင်ပါတယ်'' ဟု ပြောသည်။

ပြည်တွင်း၌ မိုဘိုင်းဖုန်းအသုံး ပြုမှုပိုမိုမြင့်တက်လာခြင်း၊ ဆက်သွယ် ရေးစနစ်၏ အဆင့်အတန်းပိုမိုမြင့် လာစေခြင်း၊ အင်တာနက်ကွန်ရက် များ ပိုမိုကောင်းမွန်စေခြင်းတို့သည် Cloud နည်းပညာကို အသုံးပြုလာ နိုင်စေခြင်းဖြစ်သည်ဟု သိရသည်။
ယင်းအပြင် Amazon Web Service မှ Ideabox နှင့်ပူးပေါင်းပြီး AWS Activate Program အဖြစ် စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်သူ များအတွက် လိုအပ်သည့် Cloud နည်းပညာကို ထောက်ပံ့ကူညီပေး သွားမည်ဖြစ်ကြောင်း သိရသည်။
Amazon Web Service (AWS) သည် Amazon.com ၏ လုပ်ငန်းခွဲ တစ်ခုဖြစ်ပြီး အင်တာနက် စာမျက်နှာဝန်ဆောင်မှုကို ထောက် ပံ့ပေးအပ်သည့် ကုမ္ပဏီတစ်ခုဖြစ်ကာ အဓိကအားဖြင့် Cloud Computing Platform ကို ဖန်တီးပေးထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
PPT
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

No comments:

Post a Comment