Tuesday, October 28, 2014

Telenor ၏ အင်တာနက် ဝန်ဆောင်မှုနှင့် ဈေနှုန်းများ


Telenor ပြဿ နာ တွေ တင်တာတွေ့နေရလို့ပါ
Telenor ၏ အင်တာနက် ဝန်ဆောင်မှုနှင့် ဈေနှုန်းများ
တယ်လီနောရဲ့ sim card အားလုံးဟာ အင်တာနက် အသုံးပြုနိုင်ရန် ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ တယ်လီနောရဲ့ သုံးစွဲသူ တစ်ဦးဖြစ်လာပြီဆိုတာနဲ့ ကမ္ဘာကြီးနဲ့ အမြဲတမ်း အဆက်အသွယ်မပြတ်ဘဲ facebook သုံးခြင်း ၊ အီမေးပို့ခြင်းများကို အင်တာနက်ကိုတချိန်လုံးဖွင့်ထားပြီး အသုံး ပြုနိုင်ပါပြီ။ အသုံးပြု သလောက် ပဲ ကျသင့်ငွေ ပေးရပြီး ဘယ်လောက် အသုံးပြုပြီးပြီလဲ ဆိုတာ သိရဖို့ တယ်လီနောမှ ကူညီသွားမှာပါ။
MY INTERNET
Handset အားလုံးအတွက် သင့်တင့်မျှတသော ဝန်ဆောင်မှု
မြန်နှုန်း : ၃၀၀ kbps ထိ
Activate ပြုလုပ်ခြင်း : SIM card အားလုံးတွင် အင်တာနက် ပါဝင်ပြီး အသင့် အသုံးပြု နိုင်သည်
အောက်ဖော်ပြပါ Apps များဖြင့်လည်း အသုံးပြုနိုင်ပါသည်
တစ်ပတ်စာ My Internet
ပမာဏ : ၁၀၀ မီဂါဘိုက်
မြန်နှုန်း :၃၀၀ kbps
သက်တမ်း :၇ရက်
Activation : ၅၀၀ သို့ ‘myweek’ ဟု sms ပေးပို့ပါ
ဈေးနှုန်း : ၅၀၀ ကျပ်
တစ်လစာ My Internet
ပမာဏ : ၅၀၀ မီဂါဘိုက်
မြန်နှုန်း :၃၀၀ kbps
သက်တမ်း :၃၀ရက်
Activation : ၅၀၀ သို့ ‘mymonth’ ဟု sms ပေးပို့ပါ
ဈေးနှုန်း : ၁၉၀၀ ကျပ်
SMART INTERNET
အကောင်းဆုံး Plan နှင့် အကောင်းဆုံး မြန်နှုန်း
10 Kyats/MB up to 2 Mbps
မြန်နှုန်း : ၂ Mbps
Activation : ၅၀၀ သို့ ‘smart’ ဟု sms ပေးပို့ပါ
အောက်ဖော်ပြပါ Apps များဖြင့်လည်း အသုံးပြုနိုင်ပါသည်
တစ်လစာ Smart Internet
ပမာဏ : 1 GB
မြန်နှုန်း : ၂ mbps ထိ
သက်တမ်း : ၃၀ရက်
Activation: ၅၀၀ သို့ ‘smartmonth’ ဟု sms ပေးပို့ပါ
ဈေးနှုန်း : ၆၆၀၀ ကျပ်
Smart Internet ကိုအသုံးပြုပြီး My Internet ကို ပြန်လည် အသုံးပြုလိုလျှင် ၅၀၀ သို့ ‘my’ ဟု sms ပေးပို့ပါ။
FAQ
ဖုန်းအင်တာနက်ကို ဘယ်လိုအသုံးပြုရမလဲ။
Telenor SIM Card တွေမှာ အင်တာနက်ကို အလိုအလျောက် ချိတ်ဆက်ထားပါသည်။ သို့ပေမယ့် လက်ကျန်ငွေကို စစ်ဆေးပြီးမှ အသုံးပြုသင့်ပါသည်။Telenor SIM Card ဖြင့် 979 သို့ ခေါ်ဆို၍ သော် လည်းကောင်း၊ ၁ (သို့) ၃ ကို နှိပ်၍သော် လည်းကောင်း အင်တာနက် Setting ကိုရှာနိုင်ပါသည်။မိမိ Handset တွင် Internet Setting မရှိပါက Setting မှ APN နေရာတွင် Internet ဟု ပြောင်းထည့်ပါ။ အသေးစိတ် သိရှိလိုပါက Telenor SIM Card ဖြင့် Call Center 979 သို့ခေါ်ဆိုနိုင်ပါသည်။
Internet Balance များကို ဘယ်လိုစစ်ဆေးရမလဲ။
Internet Package ဖြင့်အသုံးပြုမည်ဆိုလျှင် *124*1# ကိုနှိပ်၍ စစ်ဆေးနိုင်ပါသည်။ အကယ်၍ Internet Package ဖြင့် အသုံးမပြုပါက မိမိအသုံးပြုသလောက် ပေးဆောင်ရမည် ဖြစ်ပြီး ငွေစစ်မည်ဆိုလျှင် *124*# ကိုနှိပ်၍ စစ်ဆေးရမည် ဖြစ်ပါသည်။ မိမိ အသုံးပြုနေသည့် ငွေပမာဏကို သိရှိစေရန် Telenor မှ Message များ ပို့ဆောင်ပေးမည် ဖြစ်သည်။
Video တွေကို 2G Network နှင့် Download ဆွဲလို့ရမှာလား။
ရနိုင်ပါသည်။ ဒါပေမယ့် 3G Network ထက် Download Speed နှေးပါမည်။
မေး။ Internet လည်းမသုံး၊ ဖုန်းလဲ မခေါ်ပဲ ပိုက်ဆံတွေ ကုန်သွားတာ ဘာကြောင့်လဲ။
ဖြေ။ apps Install လုပ်နေတုန်း ဖုန်းသုံးလျှင် တစ်ချို့ apps တွေဖြစ်တဲ့ မိုးလေဝသတင်းတွေ၊ Facebook သတင်းတွေ၊ email download လုပ်တာတွေက Internet ကိုသုံးမှ Update လုပ်လို့ရတာ ဖြစ်တယ်။ Internet အသုံးပြုခ ကလည်း ကိုယ်ယူထားတဲ့ နှုန်းပေါ်မူတည်ပြီး ဖြတ်သွားတာပါ။ ကိုယ်ဖုန်းမှာ apps တွေကို အလိုအလျောက် Update မလုပ်စေချင်ရင် Setting မှာ ဝင်ပြီး ညှိလို့ရသလို၊ Internet ပိတ်ထားလို့ရတယ်။ Internet အသုံးပြုမှု ပိတ်ချင်လျှင် 500 သို့ အခမဲ့ Message ပို့ဆောင်လို့ ရပါတယ်။ Internet ပြန်လည် အသုံး ပြုချင် လျှင်လည်း 500 သို့ Message ပို့ပြီး ဖွင့်ခိုင်းလို့ ရပါတယ်။ထို့နောက် ဖုန်းကို restart ချပြီးမှ ပြန်လည် အသုံးပြုသင့်ပါတယ်။
ဖုန်းအင်တာနက် အစီအစဉ် ဆိုတာဘာလဲ။
Telenor Mobile Internet အစီအစဉ်ကို MY Internet ဟုခေါ်ပါသည်။ MY Internet သည် အသုံး ပြုခြင်း ပေါ်မူတည်၍ ကျသင့်မည် ဖြစ်သည်။ Telenor အင်တာနက်ကို အသုံးပြုမည် ဆိုလျှင် ၀န်ဆောင်ခ 1 MB ကို ၅ ကျပ် ပေးဆောင်ရမည် ဖြစ်သည်။

No comments:

Post a Comment